Local News

၂၀၂၆ ခုနှစ်၊ အစပိုင်းတွင် မြေပဲနှင့်ကြက်သွန်ဖြူတို့ ဈေးတက်လာ

Last Updated:

၂၀၂၆ ခုနှစ်၊ နှစ်စတွင် လယ်ယာပို့ကုန်လုပ်ငန်းများအတွက် ပို့ကုန်ရငွေလဲလှယ်သည့် ၁၅ ရာခိုင်နှုန်း‌ထိ ဖြေလျော့မှုသည် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါသည်။ ပြည်ပ၀ယ်လိုအား အပြောင်းအလဲ၊ နိုင်ငံတကာဈေးကွက်အခြေ အနေများက လယ်ယာပို့ကုန်များ၏ ပြည်တွင်းဈေးအပေါ် သက်ရောက်မှုများဖြစ်စေပါသည်။ အိမ်နီးချင်းနိုင်ငံကြီးများဖြစ်သော အိန္ဒိယ၊ တရုတ်နိုင်ငံများ၏ ပြည်တွင်းလိုအပ်ချက်၊ ဈေးကွက်မူဝါဒ အပြောင်းအလဲက မြန်မာ့လယ်ယာပို့ကုန်များအပေါ် လွှမ်းမိုးနေကြောင်း သိရှိရသည်။

ပြည်တွင်း၊ ပြည်ပဈေးအပြောင်းအလဲမတူသည့် မတ်ပဲ
၂၀၂၆ ခုနှစ်၊ နှစ်စပိုင်း ရက်များတွင် အိန္ဒိယနိုင်ငံ၌ ပွဲတော်များရှိနေခြင်းကြောင့် မတ်ပဲ၀ယ်လိုအား တက်လာပြီးဈေးနှုန်းလည်း မြင့်တက်လာပါသည်။ ရက်ပိုင်းအတွင်း ဈေးအနည်းငယ် ပြန်ငြိမ်နေကြောင်း၊ အိန္ဒိယနိုင်ငံတွင် မတ်ပဲလက်ကျန်အခြေအနေ၊ ပွဲတော်များကြောင့် ၀ယ်လိုအား မျှော်လင့်ချက်ကောင်းပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးရက်အထိ ဈေးမြင့်တက်ခဲ့‌သည့် မတ်ပဲက ၂၀၂၆ ခုနှစ်၊ နှစ်စပိုင်းတွင် ဈေးငြိမ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ ယခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံဈေးကွက်ရှိ  မြန်မာ့မတ်ပဲ၏ ဈေးနှုန်းကို  မတ်ပဲ FAQ တစ်တန် အမေရိကန်ဒေါ်လာ ၇၉၀၊ SQ တစ်တန် ဒေါ်လာ ၈၆၅ ရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် မတ်ပဲဈေးက ပြည်ပရောင်းချသည့် FOB (free on board) ဈေးတက်ပြီး ပြည်တွင်းဈေးအနည်းငယ် ကျရိပ်သန်းနေပါသည်။  ရန်ကုန်ဈေးကွက်တွင် မတ်ပဲ ပြည်ပသို့ရောင်းချသည့် FOB ဈေးက မတ်ပဲ FAQ တစ်တန် ဒေါ်လာ ၇၀၅ - ၇၁၅ မှ ၇၄၅ - ၇၅၅ သို့ဈေးနှုန်းမြင့်တက်ပြီး မတ်ပဲ SQ တစ်တန် ‌‌ဒေါ်လာ ၇၉၀ - ၈၀၀ မှ ၈၂၅ - ၈၃၅ သို့‌ ဈေးမြင့်တက်ကြောင်း သိရှိရပါသည်။ မတ်ပဲပြည်ပရောင်းဈေး တက်လာသော်လည်း ပြည်တွင်းဈေးက မတ်ပဲ FAQ တစ်တန် ကျပ် ၂,၇၆၄,၀၀၀ မှ ၂,၇၄၀,၀၀၀ သို့ ဈေးနှုန်းကျဆင်းပြီး မတ်ပဲ SQ တစ်တန် ကျပ် ၃,၀၄၄,၀၀၀ မှ ၃,၀၃၀,၀၀၀ သို့ ဈေးနှုန်းကျဆင်းသွားကြောင်း သိရှိရပါသည်။

ပဲတီစိမ်းဈေးငြိမ်
တရုတ်နိုင်ငံကို အဓိထား တင်ပို့ရောင်းချနေသည့် မြန်မာ့ပဲတီစိမ်းဈေးက ပြီးခဲ့သည့်နှစ်နောက်ဆုံးလမှ ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းအထိ ဈေးငြိမ်နေသည်။ လက်ရှိ ပဲတီစိမ်းက ပြည်တွင်းဈေးသာမက ပြည်ပရောင်းချသည် FOBဈေးလည်း ငြိမ်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ပြည်ပရောင်းချသည့် ပဲတီစိမ်း FOB ဈေးက ပဲတီစိမ်း (ရွှေဝါ) FAQ တစ်တန် ဒေါ်လာ ၁,၀၈၀/၁,၀၉၀၊ ပဲတီးစိမ်း (အညာ) FAQ တစ်တန် ဒေါ်လာ ၉၅၀/၉၆၀ ဖြင့် ဈေးငြိမ်နေပါသည်။
ပြည်တွင်းပဲတီစိမ်းဈေးက ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း (အညာ) တစ်ပိဿာ ကျပ် ၅,၆၆၅/၅,၆၈၅၊ ပဲတီစိမ်း (ခရမ်းရွှေဝါနှင့် ပဲခူးရွှေဝါ) တစ်ပိဿာ ကျပ် ၆,၅၈၀၊  ပဲတီစိမ်း (ဝါးခယ်မ) FAQ တစ်ပိဿာ ကျပ် ၆,၂၅၀/ ၆,၂၇၀ ဖြင့် ဈေးငြိမ်နေပါသည်။ မြန်မာနိုင်ငံတွင် စိုက်ဧက ၂ ဒဿမ ၈ သန်းကျော်ရှိပြီး ဆောင်းရာသီတွင် အများဆုံးစိုက်ပျိုးသည့် ပဲတီစိမ်းက ပြီးခဲ့သည့်နှစ်တွင် မိုးများသဖြင့် စိုက်ပျိုးချိန်နောက်ကျမှုများလည်းရှိခဲ့ပြီး အထွက်နှုန်းအပေါ် စိုးရိမ်မှုများလည်းရှိနေပါသည်။

မြေပဲဈေးတက်
ပြည်တွင်းအဓိကစားသုံးပြီး ပြည်ပဈေးကိုလည်း ရောင်းချနေသည့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မြေပဲက ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်းဈေးမြင့်တက်လာသည်။ မြေပဲကို ပြည်တွင်းဆီစက်များနှင့် လုပ်ငန်းသုံးရန် ၀ယ်လိုအားအပြင် တရုတ်နိုင်ငံ အပါအ၀င် ပြည်ပနိုင်ငံများသို့ တင်ပို့နေကြောင်း သိရှိရပါသည်။။ ယခုရက်သတ္တပတ် ပြည်ပရောင်းချသည့် FOB ဈေးက တစ်တန်လျှင် ဒေါ်လာ ၅၀ ဈေးမြင့်တက်ခဲ့ပါသည်။ ရန်ကုန်ဈေးကွက်တွင် မြေပဲ (လုံးဆံ) FOB ဈေးက တစ်တန် ဒေါ်လာ ၁,၃၇၅/၁,၃၈၅ မှ ၁,၄၂၅/၁,၄၃၅ သို့ ဈေး‌ပြောင်းသွားပါသည်။ မန္တလေးဈေးကွက်တွင် မြေပဲပြည်တွင်းဈေးက အမျိုးအစားအလိုက် ဈေးမြင့်တက်မှုများရှိနေသည်။ ယခုရက်သတ္တပတ်တွင် မြေပဲ S1 (လုံးဆံ) တစ်တန် ကျပ် ၅,၅၁၀,၀၀၀ ကျော်မှ ၅,၆၉၀,၀၀၀ ကျော်၊ မြေပဲ (အနီ) လုံးဆံတစ်တန် ၅,၁၁၀,၀၀၀ ကျော်မှ ၅,၂၆၀,၀၀၀ ကျော်သို့ ဈေးပြောင်းပြီး မြေပဲ M တွဲ (လုံးဆံ) တစ်တန် ကျပ် ၅,၁၁၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေပါသည်။ မြေပဲ S1 (ဆီဆံ) တစ်တန် ကျပ် ၅,၂၀၀,၀၀၀ ကျော်မှ ၅,၃၂၀,၀၀၀ ကျော်၊ မြေပဲ (အနီ) ဆီဆံ (ရှမ်း) တစ်တန် ကျပ် ၄,၉၆၀,၀၀၀ ကျော်မှ ၅၂ သိန်းကျော်သို့ ဈေးပြောင်းပြီး၊ မြေပဲ M တွဲဆီဆံတစ်တန် ကျပ် ၅,၂၆၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေကြောင်း သိရှိရပါသည်။

ပဲကြီး ဈေး‌အ‌ပြောင်းအလဲ
ပြည်တွင်းအဓိကစားသုံးပြီး ပြည်ပတင်ပို့မှုရှိနေသည့် ပဲကြီးက ရန်ကုန်ဈေးကွက်တွင် အမြင့်ဈေးဖြင့် ငြိမ်နေသော်လည်း မန္တလေးဈေးကွက်တွင် အမျိုးအစားအလိုက် ဈေးကျဆင်းလာသည်။ ရန်ကုန်ဈေးကွက်တွင် ပဲကြီး ပြည်ပရောင်းချသည့် FOB ဈေးက တစ်တန် ဒေါ်လာ ၁,၂၀၅/၁,၂၁၅ ဖြင့် ဈေးငြိမ်နေပါသည်။ ပြည်တွင်းဈေးကလည်း ပဲကြီး (ရွှေကျွန်း) တစ်ပိဿာ ကျပ် ၁၀,၂၆၅/ ၁၀,၆၂၀ ဖြင့် ဈေးငြိမ်နေပါသည်။ မန္တလေးဈေးကွက်တွင် ပဲကြီးအသစ်များ အ၀င်ရှိနေခြင်းကြောင့် ဈေးအနည်းငယ်အပြောင်းအလဲ ရှိပါသည်။ မန္တလေးဈေးကွက်တွင် ပဲကြီး (ကြီး) တစ်တန် ကျပ် ၆,၄၂၀,၀၀၀ ကျော်မှ ၆၂ သိန်းကျော်၊ ပဲကြီး(လတ်) တစ်တန် ၅,၈၇၀,၀၀၀ ကျော်မှ ၅,၅၄၀,၀၀၀ ကျော်သို့ ဈေးပြောင်းပြီး ပဲကြီး(သေး) တစ်တန် ကျပ်၄,၉၈၀,၀၀၀ ကျော်ဖြင့်ဈေးငြိမ်နေကြောင်း သိရှိရပါသည်။

ကြက်သွန်ဖြူဈေးတက်
ပြည်တွင်းအဓိကစားသုံးပြီး ပြည်ပတင်ပို့ရှိနေသည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်ဖြူက ယခုရက်သတ္တပတ်တွင် ဈေးပြန်တက်လာပါသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က တရုတ်နိုင်ငံမှတင်သွင်းသည့် ကြူကုတ် ကြက်သွန်ဖြုသာမက ရှမ်းကြက်သွန်ဖြူကလည်း ဈေးကျဆင်းခဲ့သည်။ ယခုရက်သတ္တပတ်တွင် ကြက်သွန်ဖြူအားလုံး ပြည်တွင်းဈေးသာမက ပြည်ပရောင်းချသည့်ဈေးလည်း ပြန်လည် မြင့်တက်လာပါသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကြက်သွန်ဖြူ (2025 crop) ၏ FOB ဈေးက တစ်တန်ဒေါ်လာ ၇၆၀/၇၇၅မှ ၁,၁၂၅/ ၁,၁၄၀ ဈေးဖွင့်ခဲ့သော်လည်း ယခုရက်သတ္တပတ်တွင် ဒေါ်လာ ၈၅၀/၈၆၅မှ ၁,၂၁၅/၁,၂၃၀ အထိ ဈေးပြောင်းလဲခဲ့ကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ ပြည်ပဈေးမြင့်တက်လာသကဲ့သို့ ပြည်တွင်း(လက္ကား) ဈေးကလည်း တရုတ်နိုင်ငံမှတင်သွင်းသည့် (ကြူကုတ်) ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၁၂,၀၀၀/၁၃,၀၀၀ မှ ၁၃,၀၀၀/၁၃,၅၀၀၊ ရှမ်းပြည်နယ်မှ စိုက်ပျိုးထုတ်လုပ်သည့် အောင်ပန်း (ထူး-၂)တစ်ပိဿာ ကျပ် ၃,၅၀၀ မှ ၅,၅၀၀၊ အောင်ပန်း(ထူး-၃) တစ်ပိဿာ ကျပ် ၄,၅၀၀ မှ၆,၅၀၀၊ အောင်ပန်း( ထူး-၄) တစ်ပိဿာ ကျပ် ၅,၅၀၀မှ ၇,၅၀၀၊ အောင်ပန်း (ထူး-၅) တစ်ပိဿာ ကျပ် ၆,၅၀၀ မှ ၈,၅၀၀ သို့ဈေးမြင့်တက်သွားကြောင်း သိရှိရပါသည်။
Source: https://greenwaymyanmar.com

Category: Local News